ဒီစာအုပ်က ဘာအကြောင်းပြောထားတာလဲ?
2022 ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Discipline is Destiny စာအုပ်က Stoicism ရဲ့ သူတော်ကောင်းတရားကို အခြေခံပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်မှု (Self-disciplines) တွေနဲ့ ဘဝကိုလျှောက်လှမ်းသွားနိုင်ဖို့ နည်းလမ်းတွေကို ဖော်ပြထားပေးတဲ့ စာအုပ်ပဲဖြစ်ပါတယ်။ဒီစာအုပ်ထဲမှာ တစ်ခြားဘယ်အရာကိုမဆို ကျွမ်းကျင်နိုင်ဖို့အတွက် ကိုယ့်ရဲ့ အတွေးတွေ၊ ခန္ဓာကိုယ်နဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်ဖို့က မူလအခြေခံလိုအပ်ချက်တွေ ဖြစ်တဲ့အကြောင်းကို ဖော်ပြထားတဲ့အပြင် အိပ်စက်တာ၊ သက်သောင့်သက်သာမရှိတာနဲ့ အကြင်နာတရားတွေက ကြီးကျယ်ခမ်းနားတဲ့ ဘဝနဲ့ ချိတ်ဆက်နေတယ်ဆိုတာကို ဖော်ပြထားပေးပါသေးတယ်။