logoDreamLab

    Content Hub

    HomeExploreCategoryFree Library

    Connect

    HistorySaved

    Control

    Update Premium

    What's it about?

    Book Overview

    Recommended Books

    Entrepreneurship စွန့်ဦးတီထွင်မှုပညာ

    Entrepreneurship စွန့်ဦးတီထွင်မှုပညာ

    Pyae Phyo Maung
    50 pages
    8h 20m 0s
    Myanmar

    What's it about?

    Entrepreneurship
    Entrepreneurship

    Book Overview

    ဤစာအုပ်ဟာ စွန့်ဦးတီထွင်မှုပညာ (Entrepreneurship) ဘာသာရပ် ကို လေ့လာလိုသူများ၊ စီးပွားရေး စီမံခန့်ခွဲမှု ပညာရပ်များကို လေ့လာ လိုက်စား သူ များ၊ စွန့်ဦးတီထွင်လိုစိတ်ရှိသူများ၊ စီးပွားရေးလုပ်ငန်း အသစ်တစ်ခုကို စတင်တည် ထောင်မည့်သူများ၊ စီးပွားရေးနှင့် ပတ်သတ်သည့်  အသိပညာ ဗဟုသုတ များကို ရှာဖွေလိုသူများ အတွက် ရည်ရွယ် ရေးသားပြုစုထားခြင်း ဖြစ်ပါတယ်။  စာရေးသူ အနေဖြင့် စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့ (Master of Bussiness Administration) သင်တန်းတွင် တက်ရောက် သင်ကြားစဉ် လေ့လာသင်ကြားခဲ့ရသည့် သင်ခန်းစာ မှတ်စုများ အပေါ်တွင် အခြေခံပြီး ပြုစုရေးသားထားခြင်းဖြစ်ပြီး ရေးသားပြုစုရသည့် ရည်ရွယ်ချက်မှာလည်း MBA တက်ရောက်ရန် လက်လှမ်း မမှီ နိုင်သေးသည့် ပညာ ရှာမှီးလိုသူများ၊ DBM, MBA စတဲ့ သင်တန်းများကို မတက်ရောက်မှီ ကြိုတင် လေ့ လာလိုသူများ၊ စီးပွားရေးပညာရပ်များကို စိတ်ဝင်တစားလေ့လာလိုသူများ ရှင်းလင်း လွယ်ကူစွာ လေ့လာနိုင်ရန်အတွက် ရေးသားပြုစု  ထားခြင်းပဲ ဖြစ်ပါတယ်။ 
    ဤစာအုပ်တွင် စွန့်ဦးတီထွင်မှုပညာနှင့် ပတ်သတ်သည့် ဗဟုသုတ များ၊  စွန့်ဦးတီထွင်သူတစ်ဦး တွင် ရှိရမည့် စရိုက်လက္ခဏာများ၊ စွန့်ဦးတီထွင်သူ တစ်ဦး ဖြစ်ပေါ်လာပုံများ၊ စွန့်ဦးတီထွင်မှု လုပ်ငန်းစဉ်များ၊ မိမိအနေဖြင့် ရရှိနိုင်သော စီးပွားရေး အခွင့်အလမ်းများ ဖော်ထုတ်ပုံ နှင့် စိတ်ကူးပုံဖော်ခြင်း လုပ်ငန်းစဉ်များ၊ စီးပွားရေး ဆိုင်ရာ အတွေးအခေါ် တစ်ခုကို စဉ်းစားတွေးခေါ်ပုံ တွေးခေါ်နည်းများ၊ ထိုရရှိလာသော စီးပွားရေး အတွေးအခေါ် တစ်ခုအား ဖြစ်နိုင်ခြေ ရှိ/ မရှိ သရုပ်ခွဲ စိတ်ဖြာ နည်းများ၊ မိမိစီးပွားရေးလုပ်ငန်းအပေါ် သက်ရောက်မှုရှိနိုင်သော စီးပွားရေး ပတ်ဝန်းကျင်တစ်ခုလုံး၏ အခြေအနေအား လေ့လာဆန်းစစ်ခြင်း အပါအဝင် မိမိ လုပ်ကိုင်မည့် လုပ်ငန်းနယ်ပယ်နှင့် လုပ်ငန်းပြိုင်ဖက်များအား လေ့လာဆန်း စစ်ခြင်း များ၊ ထိုသို့ ဆန်းစစ်လာရာတွင် အသုံးပြုရမည့် မူဘောင်များ၊ ထိုစီးပွားရေး ဆိုင်ရာ အတွေးအခေါ် စိတ်ကူးအား လက်တွေ့ အကောင်အထည်ဖော်ရန်အတွက် မိမိနှင့် ကိုက်ညီမည့် Business Model ရေးဆွဲပုံ ရေးဆွဲနည်းများ ၊ စီးပွားရေး လုပ်ငန်း အား လက်တွေ့ အကောင်အထည်ဖော်ရာတွင် လုပ်ဆောင်ရမည့် အသေးစိတ် အစီအစဉ် စီမံကိန်း (Business Plan) တစ်ခုအား ရေးဆွဲရမယ့် နည်းလမ်းများ၊  စွန့်ဦးတီထွင်လုပ်ငန်း တစ်ခုအဖြစ် ပြောင်းလဲ ပုံဖော်ရာတွင် မိမိလုပ်ငန်းကို လုပ်ငန်း 
    တစ်ခုတွင်စောင့်ထိန်းရမည့် ကျင့်ဝတ်ဆိုင်ရာအခြေခံအချက်များ၊ ဥပဒေအရ တရား ဝင် ဖြစ်စေရန်လိုအပ်မည့် အချက်များနှင့် ကိုက်ညီအောင် ကြိုတင်ပြင်ဆင်ရာတွင် လုပ်ဆောင်ရမည့် အချက်များ၊ လုပ်ငန်းသစ်တစ်ခု အနေဖြင့် ဘဏ္ဍာရေး ဆိုင်ရာ အားကောင်းမှု၊ တည်ငြိမ်မှု ရှိစေရန် လုပ်ဆောင်ရမည့် အချက်များ၊ မိမိလုပ်ငန်းအား မိမိ နှင့်အတူ လက်တွေ့ အကောင်အထည်ဖော်မည့် အဖွဲ့ အသစ် တစ်ခု ဖွဲ့စည်း တည်ထောင်ရမည့် နည်းလမ်းများ၊ လုပ်ငန်းစတင်ရန်အတွက် လိုအပ်မည့်  ရန်ပုံငွေ အား ရှာဖွေရမည့် နည်းလမ်းများ၊ ငွေကြေးအထောက်အပံ့ ရရှိနိုင်သော အရင်း အမြစ်များ၊ စတဲ့အချက်များအား “စီးပွားရေး အတွေးအခေါ်တစ်ခု စတင်ဖော်ထုတ် ခြင်း” မှသည် “လုပ်ငန်းတစ်ခု ထူထောင်ပြီးသည့်အထိ” လုပ်ဆောင်ရမည့် အဆင့် များကို ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်။ ထိုသို့ရေးသားပြုစုရာမှာလည်း စာဖတ် သူများ ပိုမိုနားလည်လွယ်စေရန် ရည်ရွယ်၍ အင်တာနက်စာမျက်နှာမှ ရုပ်ပုံ၊ဓာတ်ပုံ များအား သင်ထောက်ကူများအဖြစ်ဖော်ပြထားပြီး၊ ထိုရုပ်ပုံ/ဓာတ်ပုံများအား ဖန်တီး ခဲ့သူများကိုလည်းအသိအမှတ်ပြုကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်ပါတယ်။ 
    ဤကဲ့သို့ စာအုပ်များပြုစုနိုင်ရန် အနီးကပ် စိတ်ရှည်ရှည်ဖြင့် မေးသမျှ မငြီး မငြူ သင်ကြားပို့ချပေးပါသော ဒေါက်တာဖြိုးပိုင် ၊ ဒေါက်တာ ဒေါ်ခင်စန္ဒာလွင် ၊ ဒေါက်တာ ဝင်းခိုင်၊ ဆရာကောင်းလွန်း၊ ဒေါက်တာ ဒေါ်စန္ဒီဝင်း နှင့် သင်ဆရာ၊ မြင် ဆရာ၊ ကြားဆရာ များကိုလည်း ကျေးဇူး တင်ရှိပါကြောင်း ဤနေရာမှ ရိုသေစွာဖြင့် ဦးခိုက် ကန်တော့ ပန်းဆင်အပ်ပါတယ်။ ထို့အပြင် မိမိ ရေးသမျှစာများအား မငြီး မငြူ ဖတ်ပေး၊ ပြင်ပေးသည့် မိတ်ဆွေများ ကို လည်း ကျေးဇူးတင်ရှိပါတယ်။
    ပညာရေးကို စိတ်ဝင်စားလာစေရန် မျိုးဆက်ပေးခဲ့သည့် မိဘ နှစ်ပါး နှင့် စာရေးသူ ဝါသနာပါသမျှ မည်သည့်အခါမျှ တားဆီးခြင်းမရှိပဲ အမြဲနားလည် ခွင့် လွှတ် ပေးတတ်သည့် ပါရမီဖြည့်ဖက် ဇနီးသည် ဒေါက်တာ မြတ်သဉ္ဇာနွယ် တို့ကို လည်း ကျေးဇူးအထူးတင်ရှိပါတယ်။ 
    အထူးသဖြင့် ဤစာအုပ် ဖြစ်မြောက်စေရေးအတွက် လမ်းပြကြသူများ၊ တိုက်တွန်းကြသူများ နှင့် ဝိုင်းဝန်းကူညီကြသူ တစ်ဦးချင်း၊ တစ်ယောက်ချင်း စီတိုင်း ကို ကျေးဇူး ဥပကာရ တင်ရှိပါကြောင်း လေးစားစွာ မှတ်တမ်းတင် ဖော်ပြအပ်ပါ သည်။

    ချစ်ခြင်းများစွာဖြင့်
    ပြည့်ဖြိုးမောင်

     

    Recommended Books

    အိပ်နေရင်း ငွေဝင်စေမည့် စနစ်တစ်ခု တည်ဆောက်ခြင်း

    အိပ်နေရင်း ငွေဝင်စေမည့် စနစ်တစ်ခု တည်ဆောက်ခြင်း

    Design Your Life: Lifestyle Business နဲ့ စိတ်ကြိုက်ဘဝကို တည်ဆောက်ခြင်း

    Design Your Life: Lifestyle Business နဲ့ စိတ်ကြိုက်ဘဝကို တည်ဆောက်ခြင်း

    ဘဝရဲ့ Game Plan

    ဘဝရဲ့ Game Plan

    သူချမ်းသာကြွယ်ဝရေးလမ်းကြောင်း - အမြန်လမ်းကနေ ဘဝတစ်လျှောက်လုံး ချမ်းသာကြွယ်ဝဖို့ နည်းလမ်း

    သူချမ်းသာကြွယ်ဝရေးလမ်းကြောင်း - အမြန်လမ်းကနေ ဘဝတစ်လျှောက်လုံး ချမ်းသာကြွယ်ဝဖို့ နည်းလမ်း

    Recommended Books

    အိပ်နေရင်း ငွေဝင်စေမည့် စနစ်တစ်ခု တည်ဆောက်ခြင်း

    အိပ်နေရင်း ငွေဝင်စေမည့် စနစ်တစ်ခု တည်ဆောက်ခြင်း

    Design Your Life: Lifestyle Business နဲ့ စိတ်ကြိုက်ဘဝကို တည်ဆောက်ခြင်း

    Design Your Life: Lifestyle Business နဲ့ စိတ်ကြိုက်ဘဝကို တည်ဆောက်ခြင်း

    ဘဝရဲ့ Game Plan

    ဘဝရဲ့ Game Plan

    သူချမ်းသာကြွယ်ဝရေးလမ်းကြောင်း - အမြန်လမ်းကနေ ဘဝတစ်လျှောက်လုံး ချမ်းသာကြွယ်ဝဖို့ နည်းလမ်း

    သူချမ်းသာကြွယ်ဝရေးလမ်းကြောင်း - အမြန်လမ်းကနေ ဘဝတစ်လျှောက်လုံး ချမ်းသာကြွယ်ဝဖို့ နည်းလမ်း