logoDreamLab

    Content Hub

    HomeExploreCategoryFree Library

    Connect

    HistorySaved

    Control

    Update Premium

    What's it about?

    Book Overview

    Recommended Books

    Passion-Based Digital Subscription Business (စိတ်အားထက်သန်မှုကို အခြေခံထားတဲ့ နည်းပညာလုပ်ငန်းများကို တည်ဆောက်ခြင်း)

    Passion-Based Digital Subscription Business (စိတ်အားထက်သန်မှုကို အခြေခံထားတဲ့ နည်းပညာလုပ်ငန်းများကို တည်ဆောက်ခြင်း)

    Dreamlab
    11 pages
    30m 0s
    Myanmar

    What's it about?

    Entrepreneurship
    Entrepreneurship
    Content Marketing
    Content Marketing
    Business
    Business

    Book Overview

    ဖော်ပြချက်

    Dream Lab ရဲ့  ပြီးပြည့်စုံတဲ့ လမ်းညွှန်တစ်ခုဖြစ်ပြီး အတွေးအမြင်တွေ ပေးစွမ်းမယ့် ခရီးစဉ် တစ်ခုဖြစ်တဲ့ “Passion-Based Digital Subscription Business” မှ ကြိုဆိုပါတယ်။ Dream Lab ရဲ့ ပြောင်းလဲဆန်းသစ်‌စေမယ့် နည်းလမ်းကို အခြေခံထားတဲ့ ထူးခြားသော ဖန်တီးမှုတစ်ခုဖြစ်တဲ့ ဒီစာအုပ်ဟာ စွန့်ဦးတီထွင်သူတွေ၊ စီးပွားရေး ခေါင်းဆောင်တွေ၊ စိတ်အားထက်သန်မှု၊ ဖန်တီးတီထွင်နိုင်မှုတွေကနေ တွန်းပို့ပေးမယ့် digital subscription business လောကထဲကို ၀င်ဖို့ကြိုးပမ်းနေတဲ့ တစ်ဦးတစ်ယောက်ချင်းစီအတွက် အထူးရည်ရွယ်ပြီး ဖန်တီးထားတာဖြစ်ပါတယ်။

    Dream Lab က လူတစ်ယောက်၏ စိတ်အားထက်သန်မှုနဲ့ digital လောကရဲ့ ဖြစ်နိုင်ချေ ပေါင်းစပ်ခြင်းရဲ့ ပြောင်းလဲဖန်တီးနိုင်စွမ်းကို ကောင်းကောင်းနားလည်ပါတယ်။ ဒီစာအုပ်က နားလည်သဘောပေါက်ခြင်းကို ရောင်ပြန်ဟပ်ဖော်ပြထားပြီး အောင်မြင်တဲ့ subscription-based online စီးပွားရေးကို တည်ထောင်ဖို့ ‌‌ဗဟုသုတတွေ၊ နည်းဗျူဟာတွေနဲ့ အဆင်တန်ဆာတွေ သင့်ကို ဖြည့်စွမ်းပေးမှာပါ။

    ဂရုစိုက်မှုတွေ ကျွမ်းကျင်မှုတွေနဲ့ ပုံဖော်ထားတဲ့ Passion-Based Digital Subscription Business စာအုပ်ဟာ သူတို့ရဲ့ စိတ်၀င်စားမှုတွေ စိတ်အားထက်သန်မှုတွေကို အောင်မြင်တဲ့ digital စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲပစ်ဖို့ ဆန္ဒပြင်းပြကြသူတွေအတွက် လမ်းပြမီးအိမ်တစ်ခုပါပဲ။ သင်ဟာ အနုပညာရှင်တစ်ယောက်၊ စာရေးဆရာတစ်ယောက်၊ သင်ကြားပြသပေးသူတစ်ယောက် သို့မဟုတ် ပြောင်းလဲဆန်းသစ်တီထွင်နိုင်သူ တစ်ယောက်ပဲဖြစ်ဖြစ် ဒီစာအုပ်ဟာ သင့်ရဲ့ ပရိသတ်တွေနဲ့ သဟဇာတဖြစ်စေပြီး သင့်ရဲ့ စီးပွားရေးကို တည်မြဲအောင် ထိန်းသိမ်းနိုင်စေမယ့် subscription model တစ်ခုကို ဖန်တီးဖို့ အရေးကြီးတာတွေကို လမ်းညွှန်ပြသပေးမှာပါ။ 

    Digital landscape ဟာ ပြောင်းလဲကာ အမြဲဖွံ့ဖြိုးတိုးတက်နေပြီး အခွင့်အလမ်းတွေ ပေါများတဲ့ နယ်ပယ်တစ်ခုပါ။ ဒီစာအုပ်ဟာ digital marketing၊ ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရယူခြင်း၊ content ဖန်တီးခြင်းတို့ရဲ့ ရှုပ်ထွေးပုံတွေကို လမ်းညွှန်ပြသပေးကာ subscription business တစ်ခု တည်ထောင်ပြီး တိုးတက်စေဖို့ online platform များစွာကို ကိုင်တွယ်နည်းကိုလည်း ပြသပေးပါတယ်။ ဒါ့အပြင် မြန်မာပြည်က စျေးကွက်တွေရဲ့ ထူးခြားတဲ့ စိန်ခေါ်မှုတွေ အခွင့်အလမ်းတွေကို သိရှိဖော်ပြထားကာ မတူညီတဲ့ ပတ်၀န်းကျင် နယ်ပယ်အသီးသီးမှာ အောင်မြင်စေဖို့ တိကျသေချာတဲ့ အကြံဉာဏ်တွေကို ပေးစွမ်းထားပါတယ်။

    Dream Lab ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို စိတ်နှစ်မြှုပ်ထားခြင်းက ဒီစာအုပ်ရဲ့ အခြေခံအုပ်မြစ်ပါပဲ။ သင်ခန်းစာတစ်ခုချင်းဆီက စွန့်ဦးတီထွင်နိုင်စေမယ့် အိပ်မက်တွေဆီ အရောက်ပို့ပေးမယ့် ရှင်းလင်းပြတ်သားပြီး လုပ်ဆောင်လို့ရမယ့် လမ်းကြောင်းကို သင့်အား ညွှန်ပြပေးဖို့ အသေးစိတ်ကျကျ ဖန်တီးတည်ဆောက်ထားတာ ဖြစ်ပါတယ်။ 

    သင့်ရဲ့ အနေအထားကို သေချာသိရှိနားလည်စေတာကစလို့ မတူညီတဲ့ စီးပွားရေးအနေအထား အမျိုးမျိုးမှာ online အရောင်းအ၀ယ်ပြုလုပ်ခြင်းတွေရဲ့ အသေးစိတ်ကျတဲ့ အချက်အလက်တွေကို နားလည်တဲ့အထိ ဘာတစ်ခုမှ ချန်မထားဘဲ ဖော်ပြပေးထားတာပါ။

    သင်ဟာ ဒီခရီးစဉ် ကို ကျွန်တော်တို့နဲ့အတူ လျှောက်လှမ်းမယ်ဆိုရင် သင့်ရဲ့ စိတ်အားထက်သန်မှုက သင့် subscription business ရဲ့ အနှစ်သာရဆိုတာ သတိရပါ။ ဒီစာအုပ်က သင့်ရဲ့ စိတ်အားထက်သန်မှုကို အကျိုးအမြတ်ဖြစ်ထွန်းပြီး အောင်မြင်စေမယ့် digital စီးပွားရေးစွန့်စားမှုတစ်ခုအဖြစ် ပြောင်းလဲပေးမယ့် သင့်အတွက် လမ်းပြမြေပုံတစ်ခုပါ။ သင့်ရဲ့ စိတ်အားထက်သန်မှုက သင့်ရည်ရွယ်ချက်နဲ့ ကိုက်ညီပြီး အကျိုးအမြတ်ဖြစ်ထွန်းစေမယ့် အခွင့်အလမ်းများစွာရှိတဲ့ ကမ္ဘာသစ်ကို ပို့ဆောင်ပေးသော သင့်ရဲ့ လမ်းညွှန်တစ်ခုအဖြစ် “Passion-Based Digital Subscription Business” စာအုပ်ကို အသုံးချလိုက်ပါ။ 

    Dream Lab နဲ့အတူ သင့်ရဲ့ စိတ်ကူးအကြံဉာဏ်ကို လက်တွေ့အဖြစ် ပြောင်းလဲလိုက်ပါ။ 

    Recommended Books

    Crypto ကမ္ဘာသစ်ဆီသို့ - ငွေကြေးစနစ် တော်လှန်ပြောင်းလဲခြင်း

    Crypto ကမ္ဘာသစ်ဆီသို့ - ငွေကြေးစနစ် တော်လှန်ပြောင်းလဲခြင်း

    သူချမ်းသာကြွယ်ဝရေးလမ်းကြောင်း - အမြန်လမ်းကနေ ဘဝတစ်လျှောက်လုံး ချမ်းသာကြွယ်ဝဖို့ နည်းလမ်း

    သူချမ်းသာကြွယ်ဝရေးလမ်းကြောင်း - အမြန်လမ်းကနေ ဘဝတစ်လျှောက်လုံး ချမ်းသာကြွယ်ဝဖို့ နည်းလမ်း

    မြန်မာ့စီးပွားရေးလုပ်ငန်းငယ်များအတွက် ခေတ်မီလူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု လမ်းညွှန်

    မြန်မာ့စီးပွားရေးလုပ်ငန်းငယ်များအတွက် ခေတ်မီလူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု လမ်းညွှန်

    ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတည်ဆောက်နည်း