ဒီစာအုပ်က ဘာအကြောင်းပြောထားတာလဲ?
Leading from Anywhere (2021) စာအုပ်က မတူညီတဲ့ နေရာဒေသတွေကနေ အတူတကွ စုစည်းပြီး အလုပ်လုပ်ကိုင်ကြမယ့် remote teams တွေကို ကောင်းမွန်စွာ ဦးဆောင်နိုင်ဖို့ လမ်းညွှန်ပေးထားတဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။Remote teams တွေမှာ company culture ကို ဘယ်လိုမျိုး တည်ဆောက်ရမလဲ၊ အရေးကြီးတဲ့ virtual meeting တွေကို ဘယ်လိုမျိုး ပြုလုပ်ရမလဲ၊ အဖွဲ့ဝင်တွေကို ဝေဖန်သုံးသပ်ချက်တွေ ဘယ်လိုမျိုး ပြောကြားရမလဲ စတဲ့ အကြောင်းအရာတွေကို ဒီစာအုပ်ထဲမှာ ရှင်းပြပေးထားပါတယ်။ ဒီလို သင့်ရဲ့ remote teams တစ်ခုကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ဖို့အတွက် နည်းလမ်းတွေအပြင် ခိုင်မာတဲ့ remote teams တစ်ခုကို တည်ဆောက်နိုင်ဖို့အတွက် လိုအပ်တဲ့အရာတွေကိုလည်း ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားပါတယ်။