ဒီစာအုပ်က ဘာအကြောင်းပြောထားတာလဲ?
2015 ခုနှစ်တုန်းက ထုတ်ဝေခဲ့တဲ့ Neuro-linguistic Programming for Dummies စာအုပ်ကတော့ NLP ရဲ့ အခြေခံနိယာမတွေကို မိတ်ဆက်ပေးထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပြီး တစ်ကယ်လို့ ကိုယ့်စိတ်ထဲမှာ ရှိတဲ့အရာတွေကို ပြောထွက်ဖို့ ခက်ခဲနေမယ်ဆိုရင် NLP က ကျွန်တော်တို့အတွက် အသုံးဝင်ပါလိမ့်မယ်။ ဒီစာအုပ်ထဲမှာ လူတစ်ယောက်နဲ့တစ်ယောက် ပိုနားလည်နိုင်အောင် လူတွေရဲ့စရိုက်လက္ခဏာတွေအပြင် တစ်ခြားသူတွေနဲ့ ပြောဆိုဆက်ဆံရေးပိုင်းမှာ ပိုရှင်းရှင်းလင်းလင်းနဲ့ အကျိုးထိရောက်မယ့် နည်းလမ်းတွေကိုလည်း လမ်းညွှန်ထားပေးပါတယ်။
ဘယ်သူတွေဖတ်ဖို့လဲ?
Communication ပိုင်းမှာ ပိုတိုးတက်ချင်တဲ့သူတွေ
Neuroscience နဲ့ Linguistics ပိုင်းကိုလေ့လာနေတဲ့ ကျောင်းသားတွေနဲ့
အောင်မြင်တိုးတက်ဖို့အတွက် နည်းစနစ်တွေနဲ့ Idea တွေကို ရှာဖွေနေတဲ့သူတွေ ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။