ဒီစာအုပ်က ဘာအကြောင်းပြောထားတာလဲ?
Rewire စာအုပ်က ကျွန်တော်တို့တတွေ တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကိုယ်ထိခိုက်စေမယ့် အမူအကျင့်များ၊ လုပ်မိတတ်ကြသောအကြောင်းအရင်းများနဲ့ ယင်းအခြေအနေများတွင် ကျော်ဖြတ်ရမည့်နည်းလမ်းများကို ပြောပြပေးထားတဲ့စာအုပ်တစ်အုပ်ပါ။
ဒီစာအုပ်က အဓိကအားဖြင့် လူတိုင်းမှာရှိတဲ့ အစွဲတွေရဲ့ နောက်ကွယ်က ဦးနှောက်လုပ်ငန်းဆောင်တာများကို ထည့်သွင်းစဉ်းစားထားပြီး သင့်ရဲ့အကျင့်ဆိုးတွေကို ထိန်းချုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်တည်ဆောက်နိုင်ဖို့ ဦးနှောက်ပိုင်းဆိုင်ရာနည်းဗျူဟာတွေကို အကြမ်းဖျင်းဖော်ပြထားသော စာအုပ်တစ်အုပ်လည်းဖြစ်တဲ့အတွက်ကြောင့်
သင့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ထိခိုက်စေမယ့်အမူအကျင့်တွေ (self-destructive behavoirs) တွေကို ရှင်းရှင်းလင်းလင်းသိရှိကာ ထိန်းချုပ်နိုင်လာမှာဖြစ်ပြီး သင့်ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို တိုးတက်လာစေမှာပဲဖြစ်ပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- ကျွန်တော်တို့တွေဟာ ဘာလို့နောင်တရစေမယ့်ကိစ္စတွေကိုလုပ်မိတာလဲ?
- "လူသားဖြစ်နေလို့" ဆိုတဲ့အကြောင်းပြချက်ကိုဘာလို့လက်ကိုင်ထားနေကြတာလဲ?
- စွဲလမ်းမှုကိုဘယ်လိုဖျောက်ပစ်ကြမလဲ?
စတဲ့မေးခွန်းတွေကို မေးမိနေကြသူတိုင်းအတွက် ရည်ရွယ်ထားလို့ လက်မလွတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။