The Art Of Thinking Clearly စာအုပ်က နေ့စဉ် ကျွန်တော်တို့ စဉ်းစားတွေးတောနေရတဲ့ ဖြစ်စဉ်တွေကို ကြို့ထိုးသလို နှောက်ယှက်နေတဲ့ အရာတွေအကြောင်း ထုတ်ဖော် တင်ပြရေးသား ထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဒီအနှောင့်အယှက်တွေကို သိထားပြီဆိုရင် ကျွန်တော်တို့တွေက ပိုမိုကောင်းမွန်စွာ ရှောင်လွှဲနိုင်မှာ ဖြစ်ပြီးတော့ ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှုတွေကို ပြုလုပ်နိုင်ပါလိမ့်မယ်။ စိတ်ပညာပိုင်းဆိုင်ရာ လေ့လာချက်တွေနဲ့ ရေးသားထားတဲ့ ဒီစာအုပ်က ကျွန်တော်တို့တွေရဲ့ မှားယွင်းတဲ့ အယူအဆတွေကို ပြန်လည် သိရှိစေဖို့အတွက် ကူညီပေးနိုင်ပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့ အတွက်လဲ။
• စိတ်ပညာအကြောင်း စိတ်ဝင်တစား လေ့လာချင်တဲ့သူတွေ
• ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်တဲ့ စွမ်းရည်တွေကို ပိုမိုတိုးတတ်လာစေချင်တဲ့သူတွေ
• ကိုယ့်ဘ၀ကိုယ် ထိန်းချုပ်နိုင်စွမ်းတွေ ပိုရှိဖို့ ကြိုးစားနေတဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။