The Magic of Thinking Big (1959) စာအုပ်က ကျွန်တော်တို့ရဲ့ စွမ်းအားတွေကို ယုံကြည်ဖို့နဲ့ အိပ်မက်မက်ခဲ့ရတဲ့ ပန်းတိုင်တွေကို ရောက်ရှိအောင် ကျွန်တော်တို့မှာ ဘယ်လိုမျိုး လုပ်ဆောင်နိုင်စွမ်းတွေ ရှိနေကြကြောင်း ဖော်ထုတ်ရေးသားထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားတဲ့ နည်းလမ်းတွေက စာရေးသူ David J. Schwartz အနေနဲ့ ပါမောက္ခတစ်ဦး၊ ခေါင်းဆောင်မှုပိုင်းဆိုင်ရာ အကြံပေးတစ်ဦးအဖြစ် တာဝန်ယူ လုပ်ဆောင်ခဲ့စဉ် အခါက အသုံးချခဲ့တဲ့ နည်းလမ်းတွေလည်း ဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းတွေနဲ့ လူမှုကိစ္စတွေမှာ အောင်မြင်မှုတွေ၊ ကျရှုံးမှုတွေဆိုတာက ဒင်္ဂါးတစ်ပြားရဲ့ ခေါင်းနဲ့ ပန်းလိုမျိုး နှစ်မျိုးထဲက တစ်မျိုးပဲ ဖြစ်နိုင်တယ်လို့ တွေးထားကြတဲ့ သူတွေအတွက် တခြားသော မရေမတွက်တဲ့ နည်းလမ်းတွေ ရှိကြောင်းကို ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။