The Motivation Code (2020) စာအုပ်က ကျွန်တော်တို့ရဲ့ စိတ်အတွင်းပိုင်း လှုံ့ဆော်မှု (intrinsic motivation) အမျိုးအစား အမျိုးမျိုး အကြောင်းကို ခွဲခြားဖော်ပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ကျွန်တော်တို့တွေရဲ့ တမူ ထူးခြားတဲ့ အလိုဆန္ဒတွေ၊ လိုအပ်ချက်တွေအကြောင်း ထုတ်ဖော်ရေးသား ထားတဲ့ ဒီစာအုပ်ထဲမှာ သင့်ရဲ့ ပျောက်ဆုံးနေတဲ့ ကိုယ်ရည်ကိုယ်သွေး အရည်အချင်း (personality) က ဘာလဲ ဆိုတာကို သိရှိအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
ကိုယ့်ကိုယ်ကိုယ်အကြောင်း ပိုပြီး သိချင်ကြတဲ့သူတွေ
အတွေးအမြင်အသစ်တွေကို ရှာဖွေနေကြတဲ့ အဖွဲ့မန်နေဂျာတွေ
စိတ်ပညာ၊ ကိုယ်ရည်ကိုယ်သွေး အကြောင်းတွေကို စိတ်ဝင်စားတဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။