Too Fast to Think (2016) စာအုပ်က ဒီနေ့ခေတ်လို လျှင်မြန်စွာ အမြဲတမ်း ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ သင့်ရဲ့ စိတ်၊ ဦးနှောက်ကို အသုံးချတဲ့ နည်းလမ်းတွေနဲ့ တီထွင်ဖန်တီးနိုင်စွမ်း Creativity တွေအကြောင်းကို လမ်းညွှန် ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
လူမှုကွန်ရက် social media တွေက လူသားတွေအပေါ်မှာ ဘယ်လိုမျိုး အပြုသဘော မဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိကြောင်းနဲ့ သင့်ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေကို မြှင့်တင်ပေးနိုင်ဖို့အတွက် သင့်ဦးနှောက်ကို ဘယ်လိုမျိုး အနားပေးသင့်တယ် ဆိုတဲ့ အချက်တွေကိုလည်း ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
လူမှုကွန်ရက် social media တွေကို စွဲလန်းနေကြတဲ့ လူငယ်တွေ
စိတ်ကူးဉာဏ်ကွန့်မြူးမှု inspiration ပျောက်ဆုံးနေတဲ့ အနုပညာရှင်တွေ
စိတ်ဖိစီးမှုတွေ ခံစားနေကြရတဲ့ သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။