ဒီစာအုပ်က ဘာအကြောင်းပြောထားတာလဲ?
Winning Now, Winning Later (2020) က ရေရှည်တည်တံ့နိုင်တဲ့ စီးပွားရေးဆိုင်ရာ အောင်မြင်မှုတွေ ရရှိလာစေနိုင်ဖို့အတွက် လုပ်ဆောင်ရမယ့် လမ်းကြောင်းတွေကို ထုတ်ဖော်ပြောပြ ပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ စာရေးသူ David Cote က သူ့ရဲ့ များပြားလှတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ရေတိုပန်းတိုင်နဲ့ ရေရှည်ပန်းတိုင်တွေ ကြားထဲက အောင်မြင်မှုတွေကို ရွေးချယ်တယ် ဆိုတာက မှားယွင်းနေတယ် ဆိုတာနဲ့ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုမှာ ဒီလို ရေတို၊ ရေရှည် ပန်းတိုင် နှစ်မျိုးစလုံးကို ရောက်ရှိနိုင်အောင် လုပ်ဆောင်သင့်ကြောင်း ပြောပြပေးထားပါတယ်။