Words That Work (2007) စာအုပ်က စကားတွေ ပြောဆိုတဲ့အခါမှာ သင်ပြောလိုတဲ့ အဓိက အချက်တွေကို တဖက်လူ နားလည်နိုင်အောင် ထိရောက်မှုရှိစွာ ပြောဆိုနိုင်ဖို့အတွက် လမ်းညွှန် ပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ ဘာသာစကားတွေရဲ့ စွမ်းအားတွေ အကြောင်းနဲ့ စီးပွားရေးလုပ်ငန်းတွေကနေ စတင်လို့ နိုင်ငံရေး ဆွေးနွေးမှုတွေအထိ ဘယ်လို အခြေအနေမျိုးတွေမှာမဆို ဘာသာစကားတွေက သင့်ကို ဘယ်လိုမျိုး ကူညီပေးနိုင်တယ် ဆိုတာတွေကိုလည်း ဖော်ပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
Dr. Frank Luntz က ကျော်ကြားတဲ့ လူထုဆန္ဒ သဘောထားအမြင် ကောက်ခံသူ pollster တစ်ယောက် ဖြစ်ပြီးတော့ အမေရိကန် နိုင်ငံရေးသမားများ အတွက်လည်း ပြောဆိုဆက်သွယ်မှုဆိုင်ရာ အကြံပေး (communications consultant) အဖြစ် လုပ်ဆောင်ခဲ့သူ တစ်ဦး ဖြစ်ပါတယ်။
သူက စစ်တမ်းကောက်ယူမှု အုပ်စုပေါင်း (၁၅၀၀) ကျော်ကို ဦးဆောင်ခဲ့သူ တစ်ဦး ဖြစ်ပြီးတော့ နိုင်ငံရေး၊ စီးပွားရေး campaigns များစွာကို ဦးဆောင် ပြုလုပ်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။