logoDreamLab

    Content Hub

    HomeExploreCategoryFree Library

    Connect

    HistorySaved

    Control

    Update Premium

    What's it about?

    Book Overview

    Recommended Books

    ဒီနှစ်အတွင်း သင့်ပန်းတိုင်ကို အရောက်လှမ်းလိုက်ပါ

    ဒီနှစ်အတွင်း သင့်ပန်းတိုင်ကို အရောက်လှမ်းလိုက်ပါ

    Dreamlab
    11 pages
    45m 0s
    Myanmar

    What's it about?

    Personal Development
    Personal Development

    Book Overview

    ပန်းတိုင်တစ်ခုသတ်မှတ်ခြင်း

    သင့်ရဲ့ ဆန္ဒတွေကို မြင်သာထင်သာရှိတဲ့အမှန်တရားတွေအဖြစ် ပြောင်းလဲပေးနိုင်မဲ့ အသွင်ကူးပြောင်းရေးခရီးစဉ်ကနေကြိုဆိုပါတယ်။

    ပန်းတိုင်တစ်ခု စူးစမ်းရှာဖွေခြင်းစာအုပ်မှာ သင့်ရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးရုံသာမကပဲ သင့်ရဲ့အလားအလာကို ပိုမိုနက်ရှိုင်းစွာနားလည်နိုင်စေမဲ့ လမ်းကြောင်းတစ်ခုကို ရှာဖွေတွေ့ရှိနိုင်စေမဲ့အပြင် အောင်မြင်ရေးလမ်းကြောင်းပေါ်ကိုလဲ သင့်ကိုရောက်ရှိအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

    ပန်းတိုင်တစ်ခုသတ်မှတ်တယ်ဆိုတာ လုပ်ငန်းစဉ်တစ်ခုထက် အနုပညာလက်ရာတစ်ခုပါပဲ။ ပန်းတိုင်တစ်ခု သတ်မှတ်လိုက်ခြင်းက သင့်အတွက်အမှန်တကယ် အရေးကြီးအရာတွေကို ခွဲခြားသတ်မှတ်နိုင်ပြီး ဒီပန်းတိုင်ကိုရောက်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းတွေကို ပုံဖော်မိစေနိုင်ပါတယ်။

    ပန်းတိုင်တွေက ပင်လယ်ပြင်တစ်လျှောက် သင်္ဘောတွေကို လမ်းညွှန်ပေးတဲ့ မီးပြတိုက်တွေပါပဲ။ သူတို့က ဦးတည်ချက်ကိုပေးနိုင်ကြပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တွေကို ခွန်အားပေးနိုင်တဲ့အပြင် ကြိုးစားအားထုတ်မှုတွေကို အဓိပ္ပာယ်ရှိစေပါတယ်။

    ဒီလမ်းညွှန်မှုစာအုပ်မှာတော့ ရည်မှန်းချက်ပန်းတိုင်တစ်ခုသတ်မှတ်ခြင်းရဲ့ ရှုထောင့်တိုင်းကို လေ့လာကြပါမယ်။ 

    ပန်းတိုင်တွေဟာ personal ၊ professional နဲ့ business တိုးတက်မှုတွေအတွက် ဘာကြောင့်အရေးကြီးလဲ ဆိုတာနဲ့ စတင်ပါမယ်။ 

    ပန်းတိုင်တွေဆိုတာ လမ်းပြမြေပုံတစ်ခုပေါ်က မှတ်တိုင်တွေတင်သာမကပါဘူး။ ကျွန်တော်တို့လိုအင်ဆန္ဒတွေရဲ့ အနှစ်သာရတွေဖြစ်ပြီး ကျွန်တော်တို့ရဲ့ အနက်ရှိုင်းဆုံးဆန္ဒတွေနဲ့ အမြင့်ဆုံး ရည်မှန်းချက်များကို ဖော်ပြနေပါတယ်။ 

    ပန်းတိုင်တစ်ခုကို effective ဖြစ်ဖြစ်နဲ့ ချမှတ်နိုင်ဖို့

    တိကျသေချာမှု (specificity)၊ တိုင်းတာနိုင်မှု (measurability)၊ အောင်မြင်နိုင်မှု ( achievability) ၊ စပ်ဆက်မှု (relevance) နဲ့ အချိန်သတ်မှတ်ခြင်း( time-bound) စတဲ့ အခြေခံမူတွေရဲ့ သဘောသဘာဝကို လေ့လာကြည့်ကြပါမယ်။

    ဒီအခြေခံသဘောတရားတွေက သီအိုရီဆိုင်ရာ အယူအဆတွေတင်သာမက ကိုယ့်ရဲ့ကျန်းမာရေးကိုမြင့်တင်ဖို့၊ အသက်မွေးဝမ်းလမ်းကြောင်းကို မြှင့်တင်ဖို့၊ ကိုယ့်လုပ်ငန်းကိုတိုးတက်စေဖို့ ပန်းတိုင်တွေကိုချမှတ်ရာမှာ အသုံးချနိုင်တဲ့ practical tools တွေလဲ ဖြစ်ကြပါတယ်။

    ပန်းတိုင်တစ်ခုသတ်မှတ်ခြင်းဆိုတာ သင်အောင်မြင်ချင်တဲ့အရာကို သတ်မှတ်ခြင်းမဟုတ်ပါဘူး။ သင်လိုချင်တဲ့အရာကို ဘယ်လိုရောက်အောင်သွားမလဲဆိုတာပဲ ဖြစ်ပါတယ်။ 

    ဒီစာအုပ်မှာတော့ လက်တွေ့လုပ်ဆောင်နိုင်တဲ့ action plan တွေ၊ မှန်ကန်တဲ့ အတွေးအမြင်များမွေးမြူခြင်း နဲ့ 

    ပန်းတိုင်ကို သွားနေစဉ်အတွင်းမှာ ကြုံတွေ့လာရမဲ့ အတားအဆီးတွေကို ကျော်လွှားနိုင်မဲ့ နည်းလမ်းတွေက်ု လမ်းညွှန်ပေးထားပါတယ်။

    စာအုပ်ထဲက Chapter အလိုက် ကျွန်တော်တို့လေးစားရတဲ့ ကျွမ်းကျင်သူတွေရဲ့ ထိုးထွင်းသိမြင်မှု၊ စိတ်ပညာနဲ့ စီးပွါးရေးဆိုင်ရာတွေ့ရှိချက် အောင်မြင်မှုတွေကို လက်တွေ့အသုံးချနိုင်အောင် ဖော်ပြထားပါတယ်။

    ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ သင့်ကို ဖော်ရွေတဲ့လမ်းညွှန်ချက်တစ်ခု ပေးဆောင်ဖို့ဖြစ်ပါတယ်။

    သင်ဟာ စွန့်ဦးတီထွင်မှုတစ်ခုကို စတင်လုပ်ဆောင်နေတဲ့ လုပ်ငန်းရှင်တစ်ယောက်ပဲဖြစ်ဖြစ်၊ professional တစ်ယောက်ဖြစ်လာဖို့ ကြိုးစားနေတဲ့သူပဲဖြစ်ဖြစ်၊ နှလုံးသားထဲကဆန္ဒကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတာပဲဖြစ်ဖြစ် ဒီစာအုပ်ထဲက လမ်းညွှန်ချက်တွေက သင့်အတွက်ပါပဲ။

    Recommended Books

    ခေါင်းစဉ် - Machiavelli's Wisdom: ခေတ်သစ်စီးပွားရေးလောက၏ မင်းသားကျမ်း

    ခေါင်းစဉ် - Machiavelli's Wisdom: ခေတ်သစ်စီးပွားရေးလောက၏ မင်းသားကျမ်း

    Enneagram

    Enneagram

    Atomic Habits

    Atomic Habits

    The 7 Habits of Highly Effective People

    The 7 Habits of Highly Effective People

    Recommended Books

    ခေါင်းစဉ် - Machiavelli's Wisdom: ခေတ်သစ်စီးပွားရေးလောက၏ မင်းသားကျမ်း

    ခေါင်းစဉ် - Machiavelli's Wisdom: ခေတ်သစ်စီးပွားရေးလောက၏ မင်းသားကျမ်း

    Enneagram

    Enneagram

    Atomic Habits

    Atomic Habits

    The 7 Habits of Highly Effective People

    The 7 Habits of Highly Effective People