logoDreamLab

    Content Hub

    HomeExploreCategoryFree Library

    Connect

    HistorySaved

    Control

    Update Premium

    What's it about?

    Book Overview

    Recommended Books

    မပြိုင်ဘဲ နိုင်အောင်လုပ်ပါ။

    မပြိုင်ဘဲ နိုင်အောင်လုပ်ပါ။

    Dr.Phyo Paing
    145 pages
    10h 0m 0s
    Myanmar

    What's it about?

    Personal Development
    Personal Development
    Management
    Management
    Business
    Business

    Book Overview

    စာရေးသူ၏ ကိုယ်ရေးအကျဉ်း 
     
    အဘိုးက FRC ဖြစ်တဲ့အတွက် အဖေတို့၊ အဒေါ်တို့လက်ထက်တုန်းက ဆေးကျောင်းတက်ခွင့် မရခဲ့ဘူး။ သူတို့ကို ကတိပေးထားတဲ့အတိုင်း     ဆေးကျောင်းကို ပြီးအောင်တက်ခဲ့တယ်။ စတုတ္ထတန်းပြီးကတည်းက အဖေ မရှိတော့တဲ့အတွက် ဈေးထဲမှာ ဆိုင်စောင့်ရင်း၊ ကျောင်းတစ်ဖက်   တက်ရင်း အချိန်ကုန်ခဲ့တယ်။ ကျောင်းပြီးတော့ ကျောင်းတက်တုန်းက ကျားကုတ်ကျားခဲစုခဲ့တဲ့ငွေနဲ့ Meebook E-Reader လေးကို တရုတ်က သွင်းပြီး အကုန်ရင်းလိုက်တယ်။ အရင်းပါပြုတ်သွားတယ်။ ဒါကြောင့် စီးပွားရေးစီမံခန့်ခွဲမှုပညာကို ထဲထဲဝင်ဝင်လေ့လာဖို့ ဆုံးဖြတ်ပြီး   ကျွန်တော် သင်တန်းတွေတက်ခဲ့တယ်။
             နိုင်ငံတကာ ဆေးကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ဝင်လုပ်ပြီး ကုမ္ပဏီတွေအလုပ်လုပ်ပုံ လေ့လာခဲ့တယ်။ ကိုယ်တိုင် ဖုန်းဆိုင်ဖွင့်ပြီး လေ့လာထားတဲ့ပညာရပ်တွေကို အသုံးပြုပြီး လက်လွှဲနိုင်အောင်  စမ်းကြည့်သလို တွေ့ကြုံခဲ့တဲ့ပြဿနာတွေကို အဖြေရှာရင်း SME လုပ်ငန်းရှင်နဲ့ စွန့်ဦးတီထွင်တွေကို ကိုယ်သိထားတာတွေ ပြန်လည် ဝေမျှပေးဖြစ်ခဲ့တယ်။ အင်မတန်လေးစားရတဲ့ Marketing Guru ကြီး Seth Godin နဲ့တွေ့ပြီး မားကက်တင်းနဲ့  Business  အပေါ်မြင်တဲ့ အမြင် တအားပြောင်းသွားတယ်။ ၂၀၁၅ မှာ ပညာရေးနဲ့ အပြောင်းအလဲ လုပ်ဖို့ YEC Learning Center ကို စတင်ခဲ့တယ်။ ကုမ္ပဏီပေါင်း နှစ်ရာကျော်ကို Corporate Training ပေးခဲ့တယ်။
             Training နဲ့ Seminar  ပေါင်း ၂၅၀ ကျော်နဲ့ လူသိများကြတဲ့Toe Tet Online Learning၊ Dream Lab၊ Akyanpay၊ Sapwar တို့ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ YEC Company ကို တည်ထောင်ခဲ့တယ်။ ၂၀၂၂  ခုနှစ်၊ ဒီဇင်ဘာလမှာတော့ YEC Learning ကနေ Higher Education Institution တစ်ခုအဖြစ် New Next University ကို အဆင့်မြှင့် တည်ထောင်ခဲ့ပါတယ်။ ရည်မှန်းချက်ကြီးတဲ့လူတွေကို ကူညီ ဖို့ Personal၊ Professional နဲ့ Business Development ပိုင်း တွေကို ကူညီဖို့က YEC Company ရဲ့ သမိုင်းပေးတာဝန်ဖြစ်ပါတယ်။
             ဘဝဆိုတာ ကိုယ့်အစွမ်းအစ ဘယ်လောက်ရှိလဲဆိုတာ   စမ်းသပ်ရာနေရာလို့ ခံယူထားပါတယ်။ ဘာပဲဖြစ်ဖြစ် ဆုံးဖြတ်ပြီးရင် ဖြစ်အောင်လုပ်ပါ။ အနာဂတ်ပုံရိပ်က အတိတ်ထက် ပိုကြည်လင် ပြတ်သားဖို့လိုပါတယ်။ ကျွန်တော် အမြဲပြောနေကျ လက်ကိုင် ဆောင်ပုဒ်က 'ဘူကောင်တွေကို ရှောင်' နဲ့ 'ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတဲ့ အလုပ်တွေ နေ့စဉ်လုပ်ပါ' ပဲဖြစ်ပါတယ်။
             'လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ' စာအုပ်ကိုလည်း ၂၀၂၃ ခုနှစ်မှာ ရေးသားထုတ်ဝေထားပါတယ်။
     
    လုပ်ငန်းရှင်များ ဒီစာအုပ်လေးဖတ်ရင်း အထောက်အကူပြုဖို့ www.toetet.com မှာ အခမဲ့လေ့လာနိုင်အောင် video လေးများတင်ထားပေးပါတယ်။

    Recommended Books

    Enneagram

    Enneagram

    Crypto ကမ္ဘာသစ်ဆီသို့ - ငွေကြေးစနစ် တော်လှန်ပြောင်းလဲခြင်း

    Crypto ကမ္ဘာသစ်ဆီသို့ - ငွေကြေးစနစ် တော်လှန်ပြောင်းလဲခြင်း

    Atomic Habits

    Atomic Habits

    The 7 Habits of Highly Effective People

    The 7 Habits of Highly Effective People

    Recommended Books

    Enneagram

    Enneagram

    Crypto ကမ္ဘာသစ်ဆီသို့ - ငွေကြေးစနစ် တော်လှန်ပြောင်းလဲခြင်း

    Crypto ကမ္ဘာသစ်ဆီသို့ - ငွေကြေးစနစ် တော်လှန်ပြောင်းလဲခြင်း

    Atomic Habits

    Atomic Habits

    The 7 Habits of Highly Effective People

    The 7 Habits of Highly Effective People