2023 ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Trust ကတော့ လူသားတွေရဲ့ Relationship တွေမှာ မဖြစ်မနေ အရေးပါတဲ့ ယုံကြည်မှုအကြောင်းကို ပြောပြထားပြီး တစ်ခြားသူတွေနဲ့ ယုံကြည်မှုတွေကို တည်ဆောက်နိုင်ဖို့ လိုအပ်တဲ့ အချက် (၅) ချက်အကြောင်းကို ဖော်ပြထားပေးပါတယ်။ နောက်ပြီး ပျက်စီးသွားတဲ့ ယုံကြည်မှုတွေကို အကောင်းအတိုင်းပြန်တည်ဆောက်နိုင်ဖို့ လိုအပ်တဲ့ အဆင့် (၆) ဆင့်ကိုလည်း နည်းလမ်းပြထားပေးပါတယ်။