Relationships တွေမှာ ကောင်းမွန်တဲ့ စည်းတွေရှိသင့်တယ်ဆိုတာကို ကျွန်တော်တို့ကြားဖူးကြပေမယ့် ကောင်းမွန်တဲ့ စည်းတွေဆိုတာ ဘာကိုပြောတာလဲ?
အပေါ်ယံကြည့်မယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် စည်းခြားလိုက်တယ်ဆိုတာ သူနဲ့ကိုယ်နဲ့ကြားမှာ တစ်ယောက်နဲ့တစ်ယောက် ပိုဝေးသွားအောင် တံတိုင်းတွေကာရံလိုက်သလိုဖြစ်နေပေမယ့် တစ်ကယ်တမ်း ကျွန်တော်တို့ရဲ့ ပုဂ္ဂိုလ်ရေးဘဝမှာ ချမှတ်ထားတဲ့ စည်တွေက တစ်ယောက်နဲ့တစ်ယောက်ကို ပိုနီးကပ်စေပြီး စိတ်ချလုံခြုံမှုကို ခံစားရနိုင်အောင် ကူညီပေးပါတယ်
ဒါပေမယ့်လည်း လူတော်တော်မျာများက တစ်ယောက်နဲ့တစ်ယောက်ကြားမှာ စည်းခြားထားတာနဲ့ ပတ်သက်ပြီး နားလည်မှုလွှဲနေကြသလို့ အရေးတစ်ယူမလုပ်ကြတာကြောင့် စိတ်ပျက်မှုတွေ၊ နာကျည်းမှုတွေကို ကြုံတွေ့နေကြရပြီး ဖြေရှင်းလို့ရတဲ့ပြဿနာတွေကို မဖြေရှင်းပဲ တစ်ယောက်နဲ့တစ်ယောက် အပြစ်တင်တာတွေကို လုပ်ဆောင်နေကြပါတယ်