1950 ခုနှစ်တွေတုန်းက Warren Buffett က ဒေါ်လာဘီလီပေါင်းအများကြီးတန်တဲ့ Investment Portfolio ကြီးကို ရင်းနှီးမြှုပ်နှံမှုနဲ့ ပထမဆုံးတည်ဆောက်နိုင်ခဲ့တယ်
Warren Buffett က ကမ္ဘာပေါ်မှာ အချမ်းသာဆုံးလူတွေထဲက တစ်ယောက်ဖြစ်နေတဲ့အတွက်လည်း လူတွေက သူ့ရဲ့ ဆယ်စုနှစ်ပေါင်းများစွာ အောင်မြင်တဲ့ရင်းနှီးမြှုပ်နှံမှု နည်းလမ်းတွေ၊ ဗျူဟာတွေကို လူတွေက မေးမြန်းရှာဖွေခဲ့ကြပါတယ်
ဒါကြောင့်လည်း Warren Buffet ရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နည်းလမ်းတွေကို Buffetology လို့ ခေါ်သွင်ခဲ့ကြပြီး Buffetology ကို သေသေချာချာလေ့လာနိုင်ခဲ့တဲ့ သူတွေထဲကတစ်ယောက်က Warren Buffet ရဲ့ ချွေးမဟောင်း Mary Buffet ဖြစ်ပြီး Buffettology ကို အရမ်းစိတ်ဝင်စားတဲ့ သူတစ်ယောက်ဖြစ်တဲ့ Sean Seah နဲ့ တူတူ အောင်မြင်မှု တာရှည်ခံနိုင်မယ့် စတော့ Portfolio ကြီးကို ဖန်တီးနိုင်မယ့် အရေးကြီးတဲ့ လျှို့ဝှက်ချက် ၇ ခု ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်
ဒီစာအုပ်ထဲမှာတော့ Warren Buffett က Stock ရင်းနှီးမြှုပ်နှံမှုမှာ အသုံးပြုတဲ့ လျှို့ဝှက်ချက် ၇ ခုကို ဖော်ပြထားပါတယ်