The Art of War ဟာ နှစ်ထောင်ပေါင်းများစွာ အကြာက စစ်ဘက်ဆိုင်ရာ နည်းဗျူဟာ သနင်္ဂတွေရဲ့ အကောင်းဆုံး လုပ်ဆောင်ချက်အဖြစ် သတ်မှတ်ခံထားရတဲ့ တရုတ် စစ်ကျမ်း ဖြစ်ပါတယ်။ ဒီစစ်ကျမ်းထဲမှာ အရှေ့တိုင်းရော အနောက်နိုင်ငံတွေမှာပါ လွှမ်းမိုးမှုရှိတဲ့ စစ်ဘက်ဆိုင်ရာ နည်းဗျူဟာတွေသာမကဘဲ စီးပွားရေးနဲ့ ဥပဒေဆိုင်ရာ နည်းဗျူဟာတွေ ပါဝင်ပါတယ်။ ဗိုလ်ချုပ် Douglas MacArthur နဲ့ Mao Zedong တို့လို ခေါင်းဆောင်တွေကိုယ်တိုင်က ဒီစစ်ကျမ်းကို အထင်ကြီးလေးစားကြပါတယ်။
ဘယ်သူတွေ ကြည့်ရှုဖို့အတွက်လဲ?
– များစွာသော စစ်ဘက်ဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ ဥပဒေဆိုင်ရာ နည်းဗျူဟာတွေရဲ့ အခြေခံအုတ်မြစ်ကို စိတ်ဝင်စားကြသူတွေ၊
– လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက စစ်ပွဲတွေကို ဘယ်လိုမျိုး စီမံခန့်ခွဲခဲ့လဲဆိုတာကို နားလည်ချင်ကြသူတွေ
ကြည့်ရှုသင့်ပါတယ်။
မူရင်း စာရေးသူအကြောင်း
Sun Tzu ကတော့ ခန့်မှန်းခြေ ၅၀၀ BC ခန့်က ရှေးဟောင်း တရုတ် Zhou မင်းဆက်က စစ်သူကြီး၊ စစ်ဗျူဟာမှူးနဲ့ အတွေးအခေါ် ပညာရှင်တစ်ယောက် ဖြစ်ပါတယ်။