Dale Carnegie Sales Advantage Program ရဲ့ “အရောင်းသမားတိုင်း ဝယ်ထားသင့်ပြီး ဖတ်သင့်တဲ့ စာအုပ် ၁၀ အုပ်ထဲက တစ်အုပ်ဖြစ်တာနဲ့ အညီ (1994 ခုနှစ်က ပထမအကြိမ်ထုတ်ဝေပြီး၊ 2015 ခုနှစ်မှာ ပြန်လည်ထုတ်ဝေခဲ့တဲ့) The Sales Bible စာအုပ်ဟာဆိုရင် ရောင်းချခြင်းဗျူဟာရဲ့ ဂန္တဝင် အနှစ်သာရရှိတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဒီစာအုပ်မှာဆိုရင် အရောင်း လေ့ကျင့်မှုတွေ၊ နည်းလမ်းတွေအကြောင်းကို ထဲထဲဝင်ဝင် ဖော်ပြထားတာဖြစ်ပါတယ်။ ဒီလေ့ကျင့်မှုတွေ၊ နည်းလမ်းတွေကတော့ ရောင်းချခြင်းမှာ ရေရှည်ရပ်တည်နိုင်တဲ့ အောင်မြင်မှုကို ရဖို့အတွက် စာရေးဆရာကိုယ်တိုင် စမ်းသပ်ကျွမ်းကျင်လာခဲ့တာတွေလဲ ဖြစ်ပါတယ်။
ဘယ်သူတွေ ကြည့်ရှုဖို့အတွက်လဲ?
– အရောင်းဘက်မှာ အလုပ်လုပ်ရသူတိုင်း
– ဝင်ငွေပိုတိုးဖို့ကို စိတ်ဝင်စာကြသူတိုင်း
– ခင်မင်မှုတွေထက်ပိုတဲ့ အကျိုးအမြတ်တွေကို လိုချင်ကြသူတိုင်း
ကြည့်ရှုသင့်ပါတယ်။
မူလစာရေးသူအကြောင်း
Jeffrey Gitomer ကတော့ အသိအမှတ်ပြု ဆုရ စာရေးဆရာတစ်ယောက်၊ Professional Speaker တစ်ယောက်ဖြစ်တဲ့အပြင် အရောင်း၊ Customer Loyalty၊ တစ်ကိုယ်ရည် တိုးတက်မှုတွေကို အဓိကထားတဲ့ Business Trainer တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ Customer Loyalty Concepts, The Little Book of Leadership အပါအဝင် စာအုပ်ပေါင်း မြောက်မြားစွာကို ရေးသားခဲ့ပါတယ်။