The Greatest Salesman in the World စာအုပ်ထဲမှာတော့ သင့်အနေနဲ့ အကောင်းဆုံးအ ရောင်းသမားဖြစ်လာဖို့အတွက် သမားရိုးကျ နည်းလမ်းဟောင်းတွေ မဟုတ်တဲ့ လျှို့ဝှက်ချက်တွေကို လေ့လာရမှာပဲ ဖြစ်ပါတယ်။ အရောင်း Target တွေကို ပြည့်မီဖို့အတွက် နည်းလမ်းက အရောင်းစာအုပ်တွေကို လေ့လာတာ၊ တခြားလူတေရဲ့ နည်းလမ်းတွေကို ကူးချတာမျိုးတွေ မပါဝင်ဘူးလို့ ပြောပါတယ်။ အဲ့ဒီ့အစား အလေ့အကျင့်တွေကို တည်ဆောက်ပြီး ပိုကောင်းတဲ့ လူတစ်ယောက် ဖြစ်လာအောင် လုပ်ရမယ်လို့ ပြောပါတယ်။
ဘယ်သူတွေ ကြည့်ရှုဖို့အတွက်လဲ?
– ကိုယ့်ရဲ့ Professional ဘဝကို ပိုပြီး တိုးတက်ချင်တဲ့ အရောင်းသမားတွေ၊
– ပိုပြီး စိတ်ချမ်းသာရတဲ့ လုပ်ဆောင်နိုင်စွမ်း ပိုမြင့်မားတဲ့ ဘဝကို နေချင်တဲ့သူတွေ၊
– သမားရိုးကျ မားကတ်တင်း စာအုပ်ေတွ၊ အရောင်းစာအုပ်တွေကို ငြီးငွေ့နေတဲ့သူတွေ၊
ကြည့်ရှုသင့်ပါတယ်။
မူရင်း စာရေးဆရာ အကြောင်း
Augustine “Og” Mandino II ဟာ အရောင်းရဆုံး အမေရိကန် စာရေးဆရာ တစ်ယောက် ဖြစ်ခဲ့ပြီး Success Unlimited မဂ္ဂဇင်းရဲ့ ဥက္ကဌလဲ ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူဟာ National Speakers Association ရဲ့ Hall of Fame မှာ ချီးမြှောက်ခြင်း ခံရသူလဲ ဖြစ်ပါတယ်။ သူ့ရဲ့ စာအုပ်ဖြစ်တဲ့ The Greatest Salesman in the World စာအုပ်ဟာလဲ ကမ္ဘာအနှံ့ စာအုပ်ပေါင်း သန်း ၅၀ ကျော် ရောင်းချခဲ့ရပါတယ်။