ဒီစာအုပ်က ဘာအကြောင်းပြောထားတာလဲ?
Inspired စာအုပ်က အောင်မြင်တဲ့ Software တွေကို ဖန်တီးဖို့အတွက် အကောင်းဆုံးလေ့ကျင့်မှုတွေကို ဖော်ပြပြီး အဖြစ်အများဆုံး သတိမထားမိတဲ့ အခက်အခဲတွေနဲ့ သူတို့ကို ဘယ်လို ရှောင်ရှားရမလဲဆိုတာကို ရှင်းပြထားပါတယ်။ သင်ခန်းစာတွေကို Start-ups တွေကနေ ကော်ပိုရိတ် အကြီးစားတွေအထိ ထုတ်ကုန် နယ်ပယ်ပေါင်းစုံမှာ အသုံးပြုနိုင်ပါတယ်။
ဘယ်သူတွေ ဖတ်ရှုဖို့အတွက်လဲ?
Software Product အကြီးစားတွေကို ဘယ်လိုဖန်တီးလဲဆိုတဲ့ နောက်ကွယ်က အကြောင်းအရာတွေကို စိတ်ဝင်စားတဲ့သူတိုင်း
Software Product တွေကို စီမံခန့်ခွဲတဲ့နေရာမှာ အလုပ်လုပ်နေသူ၊ လုပ်ချင်သူတိုင်း
ဆန်းသစ်တီထွင်တဲ့ Software Product တွေကို တည်ဆောက်ချင်သူတိုင်း ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။