စာရေးသူ Daniel Kahneman ရဲ့ Thinking, Fast and Slow (2011) စာအုပ်က ကျွန်တော်တို့ရဲ့ စိတ်ပညာပိုင်းဆိုင်ရာ နားလည်ပုံတွေ၊ အပြုအမူဆိုင်ရာ စီးပွားရေးအကြောင်းတွေကို ဆယ်စုပေါင်း များစွာ ကြာအောင် လေ့လာပြီးမှ ရေးသားထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒီစာအုပ်က သူ့ကို နိုဘယ်ဆု ရရှိစေခဲ့တဲ့ စာအုပ်လည်း ဖြစ်ပါတယ်။
နှစ်ပေါင်းများစွာကြာအောင် စာရေးသူ Daniel Kahneman နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက လူသားတွေရဲ့ စိတ်ကို နားလည်သဘောပေါက်နိုင်အောင် ကြိုးစားလုပ်ဆောင်ခဲ့ကြပါတယ်။
ဒီစာအုပ်ထဲမှာတော့ ကျွန်တော်တို့တွေက ဆုံးဖြတ်ချက်တွေကို ဘယ်လိုမျိုး ပြုလုပ်တတ်ကြသလဲ၊ ဆုံးဖြတ်ချက်အမှားတွေ၊ ထင်မြင်ချက် အမှားတွေကို ဘာအကြောင်းကြောင့် လုပ်မိတတ်ကြသလဲ ဆိုတာတွေနဲ့ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ တိုးတတ်လာအောင် လုပ်ဆောင်နိုင်တဲ့ နည်းလမ်း တွေကို ပြောပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
ကျွန်တော်တို့တွေ ပြဿနာတွေကို ဘယ်လိုမျိုး ဖြေရှင်းကြလဲ၊ ထင်မြင်ချက်တွေကို ဘယ်လို ပြုလုပ်တတ်ကြသလဲ၊ ဘယ်လို စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေကို ဖျောက်ပစ်ရမလဲ ဆိုတာကို စိတ်ဝင်စားကြတဲ့သူတွေ
နိုဘယ်ဆုရှင်တစ်ဦး ဖြစ်တဲ့ စာရေးသူ Daniel Kahneman ရဲ့ စိတ်ပညာပိုင်းနဲ့ အပြုအမူဆိုင်ရာ စီးပွားရေး (behavioral economics) အကြောင်းတွေနဲ့ ဒီအပြုအမူတွေက ကျွန်တော်တို့ရဲ့ လူ့အသိုင်းအဝိုင်းအပေါ်မှာ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိကြောင်း လေ့လာချင်ကြတဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။