See You on the Internet (2020) စာအုပ်က ဒီနေ့ခေတ် ဒီဂျစ်တယ် မားကတ်တင်း လောက အကြောင်းကို လမ်းညွှန်ပေးနိုင်တဲ့၊ ရိုးရှင်းတဲ့ နည်းလမ်းတွေကို လမ်းညွှန်ပြသပေးထားတဲ့ စာအုပ် တစ်အုပ် ဖြစ်ပါတယ်။
ကိုယ်က Website တစ်ခုကို စတင်တည်ထောင်ချင်တယ်ဆိုရင် အစီအစဉ်တွေ ဘယ်လို ချမှတ်ရမယ်၊ ပြီးစီးအောင် ဘယ်လိုလုပ်ဆောင်ရမယ်၊ ကိုယ့်ရဲ့ ဒီဂျစ်တယ်ကြော်ငြာတွေက ထိရောက်မှု ရှိ၊ မရှိ ဘယ်လိုမျိုး တိုင်းတာရမယ်ဆိုတဲ့ နည်းလမ်းတွေကို ဒီစာအုပ်ထဲမှာ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။
ဒီနေ့ခေတ် အင်တာနက်လောကရဲ့ ကောင်းကျိုးတွေထဲက တစ်ခုကတော့ စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ ကိုယ့်ရဲ့ ဖြစ်လာနိုင်ချေရှိတဲ့ ဖောက်သည်တွေ၊ ပုံမှန်သုံးစွဲနေကျ ဖောက်သည်တွေဆီကို ကုန်ကျစရိတ် သက်သာစွာနဲ့ ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းအကြောင်းကို ရောက်ရှိအောင် စွမ်းဆောင် နိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဂျစ်တယ် မားကတ်တင်းလောကဆိုတာ ဝဘ်က်ဆိုဒ်တစ်ခုကို ပြုလုပ်လိုက်ရုံ၊ Facebook မှာ ပို့စ်တစ်ခု တင်လိုက်ရုံဆိုတာထက် အများကြီး ပိုပါတယ်။