logoDreamLab

    Content Hub

    HomeExploreCategoryFree Library

    Connect

    HistorySaved

    Control

    Update Premium

    What's it about?

    Book Overview

    Recommended Books

    အောင်မြင်မှုဆီသို့ လမ်းဖောက်ခြင်း

    အောင်မြင်မှုဆီသို့ လမ်းဖောက်ခြင်း

    Dreamlab
    7 pages
    30m 0s
    Myanmar

    What's it about?

    Personal Development
    Personal Development
    Success
    Success

    Book Overview

    "အောင်မြင်မှုဆီသို့ လမ်းဖောက်ခြင်း (Navigating Success: Insights and Strategies from Naval Ravikant)" စာအုပ်က ဒီနေ့ခတ်ရဲ့ ရှင်းလင်းဆုံး တွေးခေါ်တတ်သူ၊ စွန့်ဉီးလုပ်ငန်းရှင်တွေထဲက တစ်ယောက်ဖြစ်တဲ့ Naval Ravikant ရဲ့ ဒဿနနဲ့ စိတ်အတွင်းကို ဝင်ရောက်လေ့လာတဲ့ ခရီးစဉ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ အကြံဉာဏ်ပေါင်းချုပ်တစ်ခုသာ မဟုတ်ဘဲ တွေးခေါ်စဉ်းစားနည်း၊ ကိုယ်ပိုင်ဘဝနဲ့ လုပ်ငန်းခွင်မှာပါ အောင်မြင်စေမဲ့ နည်းလမ်းတွေကို လေ့လာနိုင်စေမှာပါ။ 
    Naval Ravikant ဟာ နည်းပညာနဲ့ တက်သစ်စလုပ်ငန်းနယ်ပယ်တွေမှာ အမြော်အမြင်ကြီးတဲ့ တစ်ဉီးတည်း ရင်းနှီးမြှုပ်နှံသူ၊ အတွေးအခေါ်ပညာရှင်တစ်ဉီးအဖြစ် လူသိများသူဖြစ်ပါတယ်။ သူဟာ တက်သစ်စလုပ်ငန်းတွေရဲ့ ရင်းနှီးမြှုပ်နှံသူ ရှာဖွေပုံကို တော်လှန်ပြောင်းလဲစေတဲ့ ပလက်ဖောင်း AngelList ရဲ့ ပူးတွဲတည်ထောင်သူ ဖြစ်ပါတယ်။ Twitter, Uber, and Yammer တို့ အပါအဝင် အခြားကုမ္ပဏီ ၁၀၀ ကျော်မှာလဲ ရင်းနှီးမြှုပ်နှံထားသူပါ။ ဒီလို အားကျစရာ လုပ်ငန်းအောင်မြင်မှုတွေအပြင် သူဟာ အတွေးအခေါ်ကောင်းသူအဖြစ်လဲ ကျော်ကြားပါတယ်။ ချမ်းသာကြွယ်ဝရေး၊ ကိုယ်ပိုင်ဘဝတိုးတက်မှုနဲ့ ပျော်ရွှင်မှုတေွနဲ့ ပတ်သက်ပြီး သူ့ရဲ့ ထိရောက်တဲ့ အသိအမြင်တွေကြောင့်ပေါ့။
    Naval ရဲ့ ဒဿနက ရိုးရှင်းပြီး နက်နဲတာကြောင့် တစ်မူထူးတာ ဖြစ်ပါတယ်။ သူက အမြဲမှန်တဲ့ အသိပညာကို လောကဆိုင်ရာ ခေတ်အမြင်နဲ့ ပေါင်းစပ်တယ်။ ဒါကြောင့် သူ့ရဲ့ အတွေးအခေါ်တွေက သမားရိုးကျ လုပ်ငန်းဆိုင်ရာ အကြံဉာဏ်တွေထက် သာလွန်တာပါ။ သူ့အတွေးအခေါ်က ပျော်ရွှင်မှု၊ ဆုံးဖြတ်ချက်ချခြင်းနဲ့ အခြား ဘဝရေးရာဗျူဟာတွေပါ ပါဝင်ပါတယ်။
    ဒီစာအုပ်ထဲမှာ ဖြတ်လမ်းနည်းတွေ၊ ဒါမှမဟုတ် ဘာလာလာ ဒေါင်းတဲ့ ဖြေရှင်းနည်းတွေကို တွေ့ရမှာ မဟုတ်ပါဘူး။ Naval ရဲ့ ဘဝတစ်လျှောက် စွဲကိုင်အသုံးချခဲ့တဲ့ စည်းမျဉ်းတွေအကြောင်းကို လေ့လာရမှာပါ။ ဒီစည်းမျဉ်းတွေဟာ သူ့ရဲ့ တွေးခေါ်ပုံကို ပုံဖော်ခဲ့ပြီး သူ့ရဲ့ ဆုံးဖြတ်ချက်တွေကို လမ်းညွှန်ပေးခဲ့တာတွေပါပဲ။ ရေရှည်အမြော်အမြင်ကနေ သူမတူတဲ့ ကိုယ်ပိုင်အသိပညာရဲ့ စွမ်းအားအထိ၊ ဆက်ဆံရေးတွေမှာ စစ်မှန်ရိုးသားမှုရဲ့ အရေးကြီးပုံကနေ တိုးတက်ပြောင်းလဲမှုကို အားပေးတဲ့ တရားမှတ်ခြင်းအလေ့အကျင့်အထိ အခန်းတိုင်းမှာ အသိအမြင်သစ်တွေ အပြည့်ပါပဲ။
    ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ ဒီသဘောတရားတွေကို လူတိုင်း သိစေဖို့ ဖြစ်ပါတယ်။ စာဖတ်သူဟာ ရည်မှန်းချက်ကြီးတဲ့ စွန့်ဉီးလုပ်ငန်းရှင် ဖြစ်ဖြစ်၊ အတွေ့အကြုံများတဲ့ လုပ်ငန်းဉီးဆောင်သူတစ်ယောက် ဖြစ်ဖြစ် ခေတ်သစ်ဘဝ ဝင်္ကပါအတွက် လမ်းညွှန်မှု လိုအပ်နေသူတစ်ယောက် ဖြစ်ဖြစ် ဖတ်သင့်တဲ့ စာအုပ်ပါ။ ရေးသားပုံကလဲ စကားပြောဟန် ဖြစ်ပြီး စ,ဖတ်သူအတွက် အဆင်ပြေအောင် စီစဉ်ထားပါတယ်။ ကျယ်ပြန့်နက်နဲတဲ့ အသိပညာတွေကို နားလည်လွယ်ပြီး အသုံးချလွယ်အောင် တင်ပြပေးထားပါတယ်။
    စာအုပ်ထဲမှာ လက်တွေ့ဘဝ ဖြစ်ရပ်တွေ၊ လက်တွေ့အသုံးချ အကြံဉာဏ်တွေနဲ့ အဲဒါတွေကို လက်တွေ့ အသုံးချနိုင်စေမဲ့ လုပ်ဆောင်ရန် အစီအစဉ်တွေကို တွေ့ရမှာပါ။ ဒီစာအုပ်က အောင်မြင်ရေးအကြောင်း ရေးထားတဲ့ သမားရိုးကျ စာအုပ်တစ်အုပ် မဟုတ်ပါဘူး။ ပျော်ရွှင်ကျေနပ်တဲ့ဘဝ ရဖို့ လမ်းညွှန်တစ်ခုလဲ ဖြစ်ပြီး လုပ်ဆောင်မှုတိုင်းမှာ အဓိပ္ပာယ် ရှာတတ်စေမှာပါ။ ဒါကြောင့် အောင်မြင်မှု၊ ဉာဏ်ပညာနဲ့ စိတ်ငြိမ်းချမ်းမှု နယ်ပယ်တွေကို Naval နဲ့ အတူ လေ့လာကြပါမယ်။ 

    Recommended Books

    Enneagram

    Enneagram

    Atomic Habits

    Atomic Habits

    The 7 Habits of Highly Effective People

    The 7 Habits of Highly Effective People

    Inner Engineering

    Inner Engineering

    Recommended Books

    Enneagram

    Enneagram

    Atomic Habits

    Atomic Habits

    The 7 Habits of Highly Effective People

    The 7 Habits of Highly Effective People

    Inner Engineering

    Inner Engineering